ဥပဒေများ
ယခုအခါမှာအနဲဆုံးဖြတ်သန်းသွားရမဲ့အကွာအဝေးဥပဒေကိုဗစ်တိုးရီးယားပြည်နယ်မှာပြဌာန်းထားပါပြီ။
အကယ်၍သင်ဟာကားမောင်းနေတာဒါမှမဟုတ်မော်တော်ဆိုင်ကယ်စီးနေတဲ့အချိန်မှာတနာရီ၆၀ကီလိုမီတာအမြန်နူန်းကန့်သတ်ထားတဲ့ဇုံတွေအတွင်း၁မီတာအကွာနဲ့တနာရီ၆၀ကီလိုမီတာထက်ပိုတဲ့အမြန်နုန်းကန့်သတ်ထားတဲ့ဇုံတွေအတွင်းမှာ၁.၅မီတာအကွာစက်ဘီးစီးသူနဲ့ဖြတ်သန်းမှုအကွာအဝေးထားပေးဖို့လိုအပ်ပါတယ်။
စက်ဘီးစီးသူတွေကိုနေရာချန်ပေးခြင်းကဲ့သို့ရိုးရှင်းတဲ့တစုံတရာဟာကျွန်ပ်တို့အားလုံးအိမ်ကိုအန္တရာယ်ကင်းကင်းနဲ့သေခြာစွာပြန်ရောက်ဖို့ရန်မတူညီတာတွေအားလုံးကိုလုပ်ဆောင်နိုင်ပါတယ်။
ဘာအတွက်ကြောင့်အဆိုပါဥပဒေကိုမိတ်ဆက်ခဲ့တာပါလဲ?
စက်ဘီးစီးတဲ့သူတွေဟာကျွန်ပ်တို့ရဲ့လမ်းတွေပေါ်သွားလာနေတဲ့သူတွေကြားမှာထိခိုက်နိုင်ခြေအများဆုံးသူတွေဖြစ်ပါတယ်။စက်ဘီးစီးနေစဉ်မှာအပြင်းအထန်ဒဏ်ရာရတာဒါမှမဟုတ်သေဆုံးမှုဖြစ် နိုင်ခြေဟာသင်ဟာယဉ်တခုခုပေါ်မှာရှိနေစဉ်ထက်ပိုများပါတယ်။လမ်းပေါ်စက်ဘီးစီးသူတွေရဲ့ထိခိုက်မှုတွေကြားမှာ၊စက်ဘီးနားဖြတ်မောင်းသွားနေစဉ်ဖြစ်တဲ့မတော်တဆမှုဟာအဓိကအကြောင်းအရင်းမဟုတ်ပေမဲ့ စက်ဘီးပေါ်မှာရှိတဲ့သူကတော့သူ့အနားကဖြတ်မောင်းသွားတဲ့အနေအထားမှာထိခိုက်နိုင်ခြေရှိနေပါတယ်။ စက်ဘီးသမားတယောက်အတွက်တော့၊တနာရီကီလိုမီတာ၆၀နုုန်းဒါမှဟုတ်အဲဒါထက်ပိုတဲ့နုုန်းနဲ့မမြင်နိုင်တဲ့နောက်ကလာနေတဲ့ယဉ်တစီးရှိနေတာဟာခြိမ်းချောက်မှုရှိနေတာပါပဲ။ယဉ်တခုရဲ့ပိုကြီးမားတဲ့ထုထည်နဲ့အမြန်နုုန်းဟာဖိအားပါတဲ့လှိုင်းတခုကဲ့သို့သက်ရောက်နိုင်တာမို့စက်ဘီးစီးသူတယောက်ကိုတည်ငြိမ်မှုပျက်ပြား အောင်ခြိမ်းချောက်နေတာပါ။
စက်ဘီးစီးသူတွေမှအပ၊လမ်းတွေကိုအသုံးပြုသူအုပ်စုတွေအားလုံးအကြားလမ်းပေါ်သေဆုံးမှုတွေဟာ၂၀၂၀ခုနှစ်မှာလျော့နည်းခဲ့ပါတယ်။စက်ဘီးစီးသူ၁၃ဦးကတော့ကျွန်ပ်တို့ရဲ့လမ်းတွေပေါ်မှာ၂၀၂၀ခုနှစ်အတွင်းသေဆုံးခဲ့ပါတယ်.
အဲဒီဥပဒေဟာမော်တော်ဆိုင်ကယ်သမားတွေ၊ကုန်တင်ယဉ်နဲ့ကြိုပို့ယဉ်မောင်းသူတွေအတွက်ရောသက် ရောက်ပါသလား?
သက်ရောက်ပါတယ်၊အကယ်၍သင်ဟာမော်တော်ဆိုင်ကယ်စီးနေတာ၊ကုန်တင်ယဉ်နဲ့ကြိုပို့ယဉ်မောင်းနေတာဆိုရင်ဒီစည်းမျဉ်းဟာသင့်ကိုလည်းသက်ရောက်မှာဖြစ်ပါတယ်။ဆိုလိုတာကသင်ဟာလမ်းတလမ်းပေါ်မှာအ မြန်နုုန်းကန့်သတ်ချက်တနာရီ၆၀ကီလိုမီတာနဲ့အဲဒီကန့်သက်ချက်အောက်မှာမောင်းနေတဲ့အခါ၁မီတာဖြတ် သန်းမှုအကွာအဝေးထားပေးဖို့လိုပါတယ်။အကယ်၍သင်ဟာလမ်းတလမ်းပေါ်မှာအမြန်နုုန်းကန့်သတ်ချက်တနာရီ၆၀ကီလိုမီတာထက်ပိုပြီးမောင်းနေတဲ့အခါ၁.၅မီတာဖြတ်သန်းမှုအကွာအဝေးထားပေးဖို့လိုပါတယ်။
စက်ဘီးသမားတွေအန္တရာယ်ကင်းအောင်ဆက်လက်ထိမ်းသိမ်းဖို့ရာကြိုပို့ယဉ်ဒါမှမဟုတ်ကုန်တင်ယဉ်မောင်းတယောက်ဟာအနဲဆုံးထက်ပိုတဲ့အကွာအဝေးကိုချန်ထားပေးဖို့လိုပါလိမ့်မယ်။
ဖြတ်မောင်းသွားတဲ့အခါမှာမျဉ်းနှစ်ကြောင်းတွဲတွေကိုဖြတ်သန်းနိုင်ပါသလား?
ဖြတ်သန်းနိုင်ပါတယ်၊ ယဉ်မောင်းသူတွေနဲ့မော်တော်ဆိုင်ကယ်စီးသူတွေဟာအကြမ်းဖျဉ်းအားဖြင့်တကြောင်းထဲမျဉ်းသေတွေနဲ့နှစ်ကြောင်းတွဲမျဉ်းတွေ၊ယဉ်ကြောမျဉ်းသေတွေနဲ့ဆေးသုတ်ထားတဲ့ကြားခံနေရာတွေအပါအဝင်လမ်းအလည် ခေါင်မှာရှိတဲ့မျဉ်းတွေကိုစက်ဘီးစီးသူတွေကိုကျော်တက်တဲ့အခါဖြတ်သန်းဖို့ခွင့်ပြုထားပါလိမ့်မယ်၊ဒါပေမဲ့သူတို့ရဲ့အရှေ့မှာမြင်ကွင်းရှင်းလင်းတဲ့အခါနဲ့ကျော်တက်ဖို့အန္တရာယ်ကင်းတဲ့အခါတွေမှာပဲခွင့်ပြုတာဖြစ်ပါတယ်။
အဆိုပါစည်းမျဉ်းကိုအခြားပြည်နယ်တွေမှာအောင်အောင်မြင်မြင်ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်၊ပြီးနောက်ဗစ်တိုးရီးယားပြည်နယ်မှာဒီဥပဒေအသေအခြာအနှောင့်အယှက်ကင်းကင်းပြဌာန်းပြီးမြောက်စေဖို့ကျွန်ပ်တို့ရဲ့အဓိကပါဝင်ပတ်သက်သူတွေ၊ကျွန်ပ်တို့ရဲ့လမ်းအန္တရာယ်ကင်းရှင်းရေးလက်တွဲဖေါ်တွေနဲ့အတူတကွလုပ်ဆောင်ခဲ့ ပါတယ်။
ပြစ်ဒဏ်တွေကဘာတွေဖြစ်ပါသလဲ?
စည်းမျဉ်းကိုမလိုက်နာတဲ့သူတွေဟာအမြင့်ဆုံးပြစ်ဒဏ်တခုအနေနဲ့ပြစ်ဒဏ်ယူနစ်၁၀ခု(ဒေါ်လာ၁၆၅၂)ဖြစ်တဲ့တရားရုံးပြစ်ဒဏ်၊ဒါမှမဟုတ်ချိုးဖေါက်မှုအတွက်အဲဒီနေရာမှာတင်ချက်ခြင်းပေးဆောင်ရတဲ့ပြစ်ဒဏ်အဖြစ် ပြစ်ဒဏ်ယူနစ်၂ခု(ဒေါ်လာ၃၃၀)ချမှတ်ခံရပါလိမ့်မယ်။မမှန်ကန်တဲ့ကျော်တက်မှုဒါမှမဟုတ်ဖြတ်သန်းသွားမှုကိုကျူးလွန်တဲ့အတွက်ပြစ်ဒဏ်အမှတ်၂မှတ်လျှော့ချခံရပါလိမ့်မယ်။အဲဒါဟာလုံလောက်တဲ့အကွာအဝေးချန်မပေးပဲကျော် တက်သွားတဲ့ယဉ်တခုအတွက်လက်ရှိပြစ်ဒဏ်တွေနဲ့အတူတူပဲဖြစ်ပါတယ်။
ပြစ်ဒဏ်နဲ့ပတ်သက်တဲ့နောက်ထပ်အချက်အလက်တွေကို VicRoads ဝက်ဆိုဒ်မှာရနိုင်ပါတယ်။
စက်ဘီးလမ်းတခုထဲမှာရှိတဲ့အခြားတယောက်ကိုရောနေရာပေးရမှာလား?
ပေးရမှာဖြစ်ပါတယ်၊တစုံတယောက်ဟာစက်ဘီးလမ်းထဲမှာစီးနင်းနေမယ်ဆိုရင်သင့်အနေနဲ့နေရာချန်ပေးဖို့လိုအပ်နေမှာဖြစ်ပါတယ်။တခါတရံမှာစက်ဘီးစီးသူတွေဟာကားတံခါးတွေဖွင့်မိတဲ့အခါရှိနေမဲ့လမ်းကြောင်းနဲ့မလွတ်တဲ့လမ်းရဲ့ဘေးအစွန်းမှာနီးကပ်စွာစီးနင်းနေပါလိမ့်မယ်။
လူတွေဟာနှစ်ယောက်ရင်ဘောင်တန်းပြီးစီးနင်းနေနိုင်ပါသလား?
စီးနင်းနေနိုင်ပါတယ်၊စက်ဘီးစီးသူတွေဟာနှစ်ဦးရင်ဘောင်တန်းပြီးစီးနင်းဖို့ဥပဒေအရခွင့်ပြုထားဆဲပါ။ယဉ်မောင်းသူတွေအတွက်မြင်ကွင်းကောင်းကောင်းရှိနိုင်သလောက်ဒါဟာအန္တရာယ်အကင်းဆုံးရွေးချယ်စရာနည်းလမ်းဖြစ်ပါတယ်၊ဒါ့အပြင်စက်ဘီးစီးသူတွေကိုလမ်းရဲ့အစွန်းပေါ်ကထိခိုက်မှုတွေဆီကနေဆက်ပြီးအန္တရယ် ကင်းစေပါတယ်။စက်ဘီးစီးသူတွေဟာသူတို့နောက်ကလမ်းကြောင်းကိုစဉ်းစားသင့်ပါတယ်၊ပြီးနောက်လမ်းကြောင်းတလျှောက်မှာစီတန်းနေတာ၊ဒါမှမဟုတ်ဖြတ်သွားဖို့ပိုပြီးလွယ်ကူနေတယ်ဆိုရင်တစီးနဲ့တစီး ရှေ့ နောက်တန်းစီပြီးသွားဖို့စဉ်းစားသင့်ပါတယ်။
စက်ဘီးစီးသူတွေကရောယဉ်တွေကိုနေရာပေးဖို့လိုအပ်ပါသလား?
မလိုအပ်ပါ၊ဒါဟာဘာ့ကြောင့်လဲဆိုတော့စက်ဘီးစီးသူတဦးနီးနီးကပ်ကပ်ဖြတ်သွားခဲ့ရင်ယဉ်ပေါ်မှာလိုက်ပါလာသူတွေဒဏ်ရာရနိုင်တဲ့အန္တရာယ်မရှိလို့ဖြစ်ပါတယ်။တစုံတယောက်စက်ဘီးစီးပြီးဖြတ်သန်းသွားတဲ့အခါမှာသူတို့အချင်းချင်းကြားမှာရောအခြားယဉ်နဲ့တွေကြားမှာပါ၊အထူးသဖြင့်နှေးနှေးလေးသွားနေတာဒါမှမဟုတ်ရပ်ထားတဲ့အခါမှာဘယ်လောက်နေရာချန်ပေးထားတယ်ဆိုတာသတိထားသင့်ပါတယ်၊ဒါပေမဲ့အဲဒီစည်းမျဉ်းဟာ စက်တပ်ထားတဲ့ယဉ်တွေမှာသက်ရောက်ပါတယ်၊စက်ဘီးစီးသူတွေအတွက်မဟုတ်ပါဘူး။တကယ်လို့ကွေ့ဖို့အချက်ပြနေရင်၊စက်ဘီးစီးသူတယောက်ဟာအဲဒီယဉ်ရဲ့နောက်ဘက်မှာအမြဲတမ်းစောင့်ဆိုင်းသင့်ပါတယ်၊ယဉ်ရဲ့ဘေးဘက်မှာစောင့်ဆိုင်းရမှာမဟုတ်ပါဘူး။
ယဉ်မောင်းသူကိုဒါဟာအန္တရာယ်ဖြစ်စေမှာလား?
မဖြစ်စေပါဘူး၊အဆိုပါလမ်းစည်းမျဉ်းဟာလမ်းအန္တရယ်ကင်းရှင်းမှုကိုအတူမျှဝေဖို့ဖြစ်ပါတယ်။ဒါဟာအခြေခံနားလည်မှုအရချဉ်းကပ်မှုတခုဖြစ်ပါတယ်၊တကယ်လို့ကျော်တက်ဖို့အန္တရယ်မကင်းဘူးဆိုရင်၊အရှိန်လျှော့ချပါ၊ စိတ်ရှည်ရှည်ထားပါ၊ပြီးတော့အဲဒီမှာအရှေ့မြင်ကွင်းရှင်းလင်းပြီးဖြတ်သန်းဖို့အန္တရယ်ကင်းတဲ့အထိစောင့် ဆိုင်းပါ။သင့်အနေနဲ့စက္ကန့်အနည်းငယ်စောင့်ကောင်းစောင့်ဆိုင်းရပါလိမ့်မယ်၊ဒါပေမဲ့သင်ရောက်လိုတဲ့နေရာရောက်ဖို့အချိန်ဘယ်လောက်ယူရတယ်ဆိုတဲ့အပေါ်မှာတော့သက်ရောက်မှုရှိမယ်လို့မထင်ရပါဘူး။နေရာချန်ပေး ခြင်းအားဖြင့်ဘယ်လိုမဆိုအသက်တချောင်းကိုကယ်နိုင်ပါတယ်။
စက်ဘီးစီးတဲ့သူတွေအတွက်စည်းမျဉ်းတွေကဘာတွေပါလဲ?
- စက်ဘီးစီးနင်းသူတယောက်ဟာအခြားယဉ်တွေကဲ့သို့လမ်းစည်းမျဉ်းတွေကိုအတူတူလိုက်နာဖို့လို အပ်ပါတယ်။
- စက်ဘီးတွေကိုစီးနင်းတဲ့သူတွေဟာတယောက်နဲ့တယောက်၁.၅မီတာထက်ပိုတဲ့အကွာအဝေးမှာရှိမနေသရွေ့
- နှစ်ယောက်ရင်ဘောင်တန်းစီးနင်းဖို့ခွင့်ပြုထားပါတယ်။
- ကြိုပို့ယဉ်သွားတဲ့လမ်းကြောင်းတွေအတွင်းနဲ့မျှပြီးအသုံးပြုတဲ့လမ်းကြောင်းတွေပေါ်မှာရော၊ဗစ်တိုးရီးယားပြည်နယ်ကလမ်းတွေအများစုပေါ်မှာစက်ဘီးစီးသူတွေစီးနင်းဖို့ခွင့်ပြုထားပါတယ်။မြို့ပြရဲ့အမြန်လမ်းမကြီးတွေ၊အမြန်လမ်းမကြီးတွေသို့မဟုတ်စက်ဘီးစီးသူတွေကိုခွင့်မပြုကြောင်းဖေါ်ပြထားတဲ့ဆိုင်းဘုတ်ရှိရာအခြားလမ်းတွေပေါ်မှာသူတို့ကိုခွင့်မပြုပါဘူး။စက်ဘီးတွေကိုခွင့်မပြုတဲ့အခါမှာ၊ ”တာဝန်ရှိသူမှအပဒီနေရာကကျော်လွန်ပြီးအမြန်လမ်းမပေါ်မှာစက်ဘီးတွေသွားလာခွင့်မရှိ” လို့ညွန်ကြားထားတဲ့ဆိုင်းဘုတ်တွေကိုအမြန်လမ်းမပေါ်တက်တဲ့အဝင်လမ်းမှာထားရှိပါတယ်။
- စက်ဘီးစီးသူတယောက်အနေနဲ့ဘယ်ဘက်ကွေ့နေတဲ့ယဉ်တစီးနားရောက်တဲ့အခါဘယ်ဘက်ကနေသင်ကျော်တက်လို့မရပါဘူး။ရှေ့ဆက်မသွားခင်ယဉ်ကိုကွေ့ခွင့်ပေးလိုက်ပါ။
- သင်သွားနေတဲ့ဦးတည်ရာတဖက်တည်းသာရှိတဲ့လမ်းတလမ်းပေါ်မှာအန္တရာယ်ကင်းကင်းကျော်တက်ဖို့နေနိုင်သလောက်ဘယ်ဘက်ကနေပြီးကျော်တက်ဖို့လိုပါတယ်။
- သင်ဟာလမ်းကြောင်းနှစ်ခုဒါမှမဟုတ်ဒါ့ထက်ပိုတဲ့လမ်းကြောင်းတွေရှိတဲ့လမ်းတလမ်းပေါ်မှာဆိုရင်ဘယ်ဘက်ကဒါမှမဟုတ်လမ်းကြောင်းရဲ့အလယ်ကိုဆင်းပြီးစီးနင်းနိုင်ပါတယ်။ပြီးတော့ညာဖက်ကိုကွေ့ဖို့ရန်ညာဖက်လမ်းကြောင်းကိုအသုံးပြုပါ။
- ဘယ်လမ်းဆုံမှာမဆိုကွင်းပတ်ကွေ့တာတွေဟာတရားဝင်ဖြစ်ပြီးညာဘက်ကွေ့တာတွေအားလုံးကို တိုက်တွန်းအားပေးထားပါတယ်။
- အထူးသဖြင့်ညဖက်စီးနင်းတဲ့အခါဒါမှမဟုတ်ရာသီဥတုဆိုးဝါးတဲ့အထဲမှာစီးနင်းတဲ့အခါ၊သင့်ရဲ့စက်ဘီးမှာမီးတွေတပ်ဆင်ထားတာသေခြာပါစေ၊အဖြူရောင်မီးကိုအရှေ့မှာတပ်ဆင်ထားဖို့လို့ပြီး၊အနီရောင်မီးကိုတော့အနောက်မှာတပ်ဆင်ဖို့လိုပါတယ်။
- သင်ဟာအသက်၁၃နှစ်အောက်၊၁၃နှစ်အောက်အခြားတစုံတယောက်နဲ့အတူတကွ၊ဒါမှမဟုတ်အရွယ်ရောက်ပြီးသူတယောက်ဖြစ်ပြီးသင့်စက်ဘီးပေါ်မှာကလေးထိုင်ခုံပါရှိရင်ခြေလျှင်သွားတဲ့လမ်းပေါ်မှာစီးနင်းဖို့ခွင့်ပြုထားပါတယ်။အကယ်၍သင့်မှာလမ်းပေါ်မှာစီးဖို့ခက်ခဲလောက်အောင်မသန်စွမ်း ကြောင်းဖေါ်ပြထားတဲ့ဆေးလက်မှတ်ထောက်ခံစာရှိမယ်ဆိုရင်ခြေလျှင်လမ်းပေါ်မှာစီးနင်းနိုင်ပါ တယ်။
စည်းမျဉ်းတွေ၊အမိန့်တွေနဲ့ပတ်သက်ပြီးပိုမိုတဲ့အချက်အလက်တွေကို VicRoads ဝက်ဆိုဒ်
မှာရှာဖွေနိုင်ပါတယ်။